အလွမ်းည



တိတ်ဆိတ်နေတဲ့ မှောင်မိုက်တဲ့ည

စိတ်ကူးတွေက ခြောက်ခြားနေတယ်

အတွေးတွေထဲ မင်းအကြောင်းက

စိုးမိုးနေတယ် အလွမ်းတွေနဲ့ 

အထီးကျန်တဲ့ ငါဘ၀မှာ

မင်းတစ်ယောက်ကို ယနေ့ ထက်တိုင်

တမ်းတဆဲပါ မင်းမရှိတဲ့ 

အခန်းငယ်ထဲ မင်းရနံတွေ

ငါရနေတယ် အာရုံတွေမှာ

မင်းအသံတွေ ငါကြားနေတယ်

မင်းမရှိတဲ့ ဒီဘ၀ထဲ

ငါတစ်ယောက်ထဲ ဘယ်လို့နေရမလဲ.......